ကြယ်ကလေးသို့(၂)
ညရဲ့ခါးသီးတဲ့
အမှောင်ထုအောက်မှာ ရွှန်းပတဲ့
လရောင်ကိုခံစားရင်း
ကြယ်ပွင့်လေးများကို မြင်တော့
" ကြယ်"ကလေးကို သတိရမိတယ်။
ကြယ်ကလေးရယ်
အမြင်နီးသလောက်
အနေကွာဝေးလွန်း လှပါတယ်။
အစက တို့နှစ်ယောက်
မတွေ့ခဲ့ရင် အကောင်းသား
အခုတော့..............,
အချစ်တွေက အပြစ်တွေမြင်
နှစ်နှစ်ကာကာ ချစ်ခဲ့ပြီးမှ
ပစ်ပစ် ခါခါ ဝေးခဲ့ရပြီပေါ့။