"အိမ်လွမ်းသူ"ူ
ရက်မှ လပြောင်းလို့ 
နှစ်တွေတောင် ဟောင်းနွမ်းခဲ့ပြီ
မျှော်မှန်းကာ တမ်းတလို့ 
အိမ်ကိုလည်း သားလွမ်းပြီ...။
အမေ.... နေများကောင်းရဲ့လား
မှန်းဆကာ သတိရပေမယ့်
စိတ်ကတော့ မဖြေနိုင်
အမေ့ စကား ဘေးပယ်ထားလို့ 
မှားမိပေါ့ တစ်ကြိမ်တစ်ခါ
ဘ၀ဇာတ်ခုံ ကိုယ်တွေ့ ကြုံမှ
မြင်ယောင်စိတ်က အမေ့စကားနဲ့ 
ထုတ်ဖော်မပြတဲ့ အမေ့မေတ္တာကို
သားလည် သဘောပေါက်ခဲ့လို့ 
အမေ့ရင်ခွင် အပြေးပြန်ချင်ပေမယ့်
အဝေးရောက် သားလှတစ်ယောက်မို့ 
စိတ်မှဦးညွတ် ကန်တော့မိသည်
"အမေ နဲ့  အိမ်ကလေး" ရှိရာဆီ....။ ။
စာဖတ်သူအပေါင်းအား လေးစားလျှက်;
မျိုးမင်း