Saturday, November 15, 2014
" Facebook " က Birthday Date ကို ပြောင်းနည်း
သူငယ်ချင်း တစ်ယောက် က "Facebook" က သူ့  Birthday ကို ပြောင်းပေး ဖို့  အကူအညီတောင်း
တာနဲ့ ကျွန်တော့်သူငယ်ချင်းတွေ ထဲ ကလည်း Facebook က သူငယ်ချင်းတို့  ရဲ့ Birthday (မွေးနေ့ ) လေး
ကို ပြန်ပြောင်းချင်တယ် ဆိုရင် ပြောင်းနည်းလေးကို တစ်လက်စတည်း ပြောပြပေးသွားလိုက်ပါ့မယ်။လွယ်
တဲ့ အတွက် သိပြီးသား သူတော့ များမှာပါ။မသိသေးသော တချို့  သူငယ်ချင်းများအတွက် ပုံ နဲ့  တကွ ဖော်
ပြလိုက်ပါတယ်။
"Facebook" ကို ၀င်လိုက်ရင် စစခြင်းတော့ သူငယ်ချင်းတို့ ရဲ့ " Facebook Home " ကို အရင်
ရောက်သွားပါလိမ့်မယ်။ နောက် သူငယ်ချင်းတို့ ရဲ့ "Profile Wall " ကိုတော့သွားတတ်မှာပါ။ Facebook
က Birthday ကို ပြင်ဖို့  သူငယ်ချင်းတို့  Facebook Profile Wall က " About " ကိုနှိပ်လိုက်ပါ။အောက်
မှာ ပုံ လေးနဲ့  ပြထားပါတယ်။
ပုံ-(၁)
အောက်က ပုံ မှာ ပြထားသလို " About menu " အောက်မှ "Contact and Basic Info"
ဆိုတာကို နှိပ်လိုက်ပါ။
ပုံ-(၂)
အောက်ပုံပါ အနီရောင်မျှား နဲ့  ပြထားသော နေရာ ကို Mouse ရွေ့  လိုက်ပါ။ ပုံမှာ ပြထားသ
လို " Edit " ကို နှိပ်လိုက်ပါ။
ပုံ-(၃)
အောက်မှာ ပြထားသလို " BASIC INFORMATION " ဆိုတဲ့ စာတန်းအောက် Birthday ပြောင်း
ဖို့  " Drop-down Menu လေးတွေ တွေ့ ပါလိမ့်မယ်။ အပြာရောင်မျှား နဲ့  ပြထားတဲ့ နေရာကိုနှိပ်ပြီး ကျလာ
တဲ့ List တွေ ထဲ က သူငယ်ချင်း တို့  ရဲ့ မွေး နေ့  ၊ မွေးလ ၊ မွေးနှစ် တွေ ရွေးပြီး " Save Changes " ဆို
တဲ့ အပြာရောင် Button လေး ကို နှိပ်လိုက်ပါ။
ပုံ-(၄)
ဒါဆိုရင်တော့ " Facebook " မှာသူငယ်ချင်းတို့  ရဲ့ Birthday လေး ကို ပြောင်းလဲပြီးသွားပါပြီ။
သူငယ်ချင်းအားလုံးအဆင်ပြေ ကြပါစေ....
လေးစားလျှက်;
မျိုးမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။