" Lock " ကျသွား လည်း အလွယ်တကူ ပြန်ယူလို့  ရပါပြီ။ ' Facebook account Lock ' ကျလည်း စိတ်
ညစ်စရာ မလိုတော့ဘူးပေါ့။ဘာလို့ လည်းဆိုတော့ " Account Lock" ကျသွားခဲ့ ရင် "Telenor Phone "
နဲ့  " Facebook Confirmation Codes " ပြန်ယူပြီး "Lock" ပြန်ဖြေလို့ ရလို့ ပါ။ဒီ post ဟာ မသိသေး
သော သူများအတွက် ပါ။ကျွန်တော် အခု " Telenor Phone Numbers " ကိုအသုံးပြု ပြီး Facebook Accounts Lock ကျတာ ဖြေနည်းပြောပြပေးပါ့မယ်။
သူငယ်ချင်းတို့  ဖုန်းမှာ " Telenor Phone Card " ကို ဖုန်း ရဲ့ " Sim card Slot (1) " မှာထည့်ုပြီးအသုံးပြုရမှာပါ။ပြီးလျှင် အကောင့် " Lock " ဖြေရန် Facebook တွင် lock ကျနေသော အ
ကောင့် ကို ၀င်ပါ။
ပုံ-(၁)
ဒါဆိုရင် အောက်မှာ ပြထားသလို " Please Verify Your Identity " ဆိုတဲ့ Page ပေါ်လာပါလိမ့်
မယ်။ ဒီအဆင့် က အကောင့်အသစ် ပြုလုပ်လည်း ပေါ်လာမှာပါပဲ။ ပုံမှာ အနီဝိုင်းပြထားတဲ့ အတိုင်း
" Continue " ကိုနှိပ်လိုက်ပါ။
ပုံ-(၂)
နောက်တစ်ဆင့် ကတော့ စာလုံး တူရိုက်ပေးရမှာပါ။ မခက်ပါဘူး၊ သူပြထား တဲ့ အတိုင်း စာလုံး
တွေကို " Text in the box: " ဆိုတဲ့ အကွက်လေး မှာ တူအောင် ရိုက်ပေး လိုက်ပါ။ ပြီး လျှင် အပြာရောင်
" Continue " ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ။သူပေးထားတဲ့ အတိုင်း မတူရင်တော့ နောက်တစ်ခါ
ပြန်ရိုက်ခိုင်းပါလိမ့်မယ်။
ပုံ-(၃)
စာလုံးမှန်ရင်တော့ နောက်တစ်ဆင့် အနေနဲ့  " Phone Numbers " တောင်းတဲ့ အဆင့် ကို
ရောက်ပါပြီ။ပုံမှာအနီရောင် ၀ိုင်းပြထား တဲ့အတိုင်း " Enter a mobile number " ဆိုတဲ့ အပြာရောင်
Button လေးကို နှိပ်လိုက်ပါ။
ပုံ-(၄)
ဒါဆိုရင် တော့ ဖုန်းနံပါတ် ထည့်ရမယ့် box ပေါ်လာပြီပေါ့။ Country code မှာတော့" Myanmar (+95)"
ကိုပဲ ရွေးပါ။ Phone number အကွက်မှာတော့ စောစောက "Sim card slot (1) " မှာထည့်ထားတဲ့
" Telenor Phone Number " ကို ရိုက်ထည့်ပေးပါ။ (ဥပမာ- 097997* * * * *) ။ (*) နေရာမှာ မိမိတို့ 
Telenor Phone Number ကိုထည့်ပေးပါ။ ပြီးလျှင် ပုံမှာပြထားတဲ့ အတိုင်း အပြာရောင် " Continue " ကို
နှိပ်လိုက်ပါ။
ပုံ-(၅)
ကဲ.... " Confirmation Codes " တောင်း တဲ့ Box ပေါ်လာပါလိမ့်မယ်။အောက်မှာ ပုံနဲ့ ပြထားပါ
တယ်။
ပုံ-(၆)
Computer မှာ "Confirmation Codes " ထည့်ဖို့  Box ပေါ်လာသလို သူငယ်ချင်းတို့  ဖုန်းကိုလည်း
အောက်မှာပြထားသလို " Facebook Confirmation codes " ပါတဲ့ Message တစ်စောင် ရောက်နေပါ
လိမ့်မယ်။ ကျွန်တော်က Resend Codes ကို ထပ်နှိပ်မိလိုက်လို့  နှစ်စောင် ဖြစ်နေတာပါ။ အဲဒီ message
ထဲကမှ အပြာရောင် ဂဏန်းလေးတွေ ဟာသူငယ်ချင်းတို့  မျှော်နေတဲ့ " Facebook Confirmation Codes"
ဖြစ်ပါတယ်။ အဲဒီ confirmation codes ကို မှတ်သားပါ။
ပုံ-(၇)
ဖုန်း message ရ တဲ့ Confirmation codes ကို Computer က "Enter Your Confirmaton
Code" ဆိုတဲ့ Box မှာ ပုံမှာ ပြထားတဲ့ အတိုင်း ရိုက်ပြီး အပြာရောင် " Confirm " ဆိုတဲ့ button ကို နှိပ်
လိုက်ပါ။
ပုံ-(၈)
အောက်မှာ ပြထားတဲ့ အတိုင်း " Number confirmed " ဆိုတဲ့ Text box လေး ပေါ်လာပါလိမ့်
မယ်။ အပြာရောင် " Save Settings " ဆိုတဲ့ button ကို ထပ်နှိပ်ပေးပြီး ခဏစောင့်ပေးပါ။အောက်တွင် ပုံ
ဖြင့်ပြထားပါတယ်။
ပုံ-(၉)
Internet လိုင်း ကျသည့်အချိန် နှင့် တိုးရင်တော့ ဖုန်းနံပါတ် တောင်းတဲ့ အဆင့် ကို ပြန်ရောက်သွား
တတ်ပါတယ်။ဒါပေမယ့် ထပ်ထည့်စရာ မလိုအပ်ပါဘူး။ Web page ကို Refresh လုပ်ပေးလိုက်ပါ။
Internet လိုင်းကောင်း ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်း " Thank You " ဆိုတဲ့ message
box လေး ပေါ်လာပါလိမ့်မယ်။ ပေါ်လာလျှင် ပုံမှာပြထားသည့် အတိုင်း အပြာရောင် " Okay " Button
လေးကို နှိပ်ပေးလိုက်ပါ။
ပုံ-(၁၀) မှာ ပြထားတဲ့ အတိုင်း "Okay" Button ကို နှိပ်ပြီး ရင် တော့ အကောင့် Lock ကျတာကို
ဖြေရှင်းပြီး သွားပါပြီ၊ ပြုလုပ်စ အကောင့် အသစ် ဆိုရင်တော့ အကောင့် Information တွေ ဖြည့်ဖို့ အ
တွက် " Step (1),(2),(3) ကို ရောက်သွားပါလိမ့်မယ်။ အကောင့်အဟောင်း ဆိုရင် လည်း မိမိတို့  အ
ကောင့် "Home" ကို ရောက်သွားပါလိမ့်မယ်။Facebook အကောင့် အသစ် ပြုလုပ်နည်း ကြည့်ချင်ရင်တော့
Facebook Account အသစ် ပြုလုပ်နည်းမှာ သွားကြည့်နိုင်ပါတယ်။
ဒါဆိုရင် နိုင်ငံခြားက အကူအညီ လည်းယူစရာမလိုတော့ဘူး၊ သူများလည်း ဖွင့်ခိုင်းစရာလိုမယ်
မထင်တော့ပါဘူး။သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ..........;
လေးစားလျှက်,
မျိုးမင်း
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။