Sunday, May 19, 2013
"English Pattern" လေးတွေလေ့လာမယ်(၁)
"English" စကားကို "Pattern" လေးတွေ သုံးပြီး ပြောမယ် ဆိုရင် ပိုမိုထိရောက်ပါလိမ့်မယ်။အခု ပြောမယ့်
"Pattern"လေးတွေကတော့ " မေးခွန်းမေးမြန်းတဲ့" အခါ မှာ အသုံးတည့်စေနိုင်ပါတယ်။ Pattern မှာအနီရောင်
နှင့် ရေးထားသော စကားလုံးနေရာမှာ စိတ်ကူးရှိသလို စကားလုံးများအစားထိုးအသုံးပြုရုံပါပဲ။လေ့လာ
ကြည့်ပါ။
(1) How about + ( Verb-ING)?
"မိမိက တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ ဆန္ဒရှိသလား ၊ မရှိဘူးလား ၊ လုပ်ချင်သလား ၊ မလုပ်
ချင်ဘူးလား" စသည်ဖြင့် ဘယ်လိုသဘောရလဲ ဆိုတဲ့ အဓိပ္ပာယ်နဲ့  မေးမြန်း တဲ့အခါ မှာ ဒီပုံစံလေးကိုအသုံး
ပြုနိုင်ပါတယ်။အောက်မှာ ပေးထားတဲ့ နမူနာလေးတွေ ကိုလေ့လာပြီး Pattern လေး မှာ မိမိ ပြောချင်တဲ့ အ
ကြောင်းအရာ ကိုမူတည်ပြီး အမျိုးမျိုး ပြောင်းလဲ ပြောဆို ကြည့်ပါ။
Examples;
* How about watching TV?
- TV ကြည့်မယ်ဆိုရင် ဘယ်လိုလဲ။
* How about singing?
- သီချင်းဆိုယ်ဆိုရင် ဘယ်လိုလဲ။
* How about describing to me what happened?
- ဖြစ်ပျက်ခဲ့တာတွေကို ငါ့ ကိုပြန်ပြောပါဆိုရင် ဘယ်လိုသဘောရလဲ။
* How about walking?
- လမ်းလျှောက်ရင်ကောင်းမလား။
* How about hanging out tonight?
- ဒီည အပြင် ထွက်ပြီး အချိန် ဖြုန်းရင်ကောင်းမလား။
*******************************************
Saturday, May 11, 2013
Photoshop အသုံးပြုနိုင်မယ့် အသဲပုံ Frameလေးတွေပါ။
Photoshop မှာဓာတ်ပုံလေးတွေ ထည့်ပြင်နိုင်ဖို့  အသဲပုံ Frame လှလှ လေးတွေကိုတင်ပေးလိုက်
ပါတယ်။ လိုအပ်လို့် ဒေါင်းချင်ရင်တော့ ဒီမှာ နှိပ်ပြီးသွားဒေါင်းယူလိုက်ပါ။
အဆင်ပြေပါစေ..., မျိုးမင်း
Photoshop အတွက် "Brush" များလိုချင်လိုလျှင်
Photoshop ကို အသုံးပြုတဲ့ သူတွေ အတွက် "Brush" တွေ ရှာဖွေရလွယ်မယ့်လွယ်မယ့်
ဆိုဒ်လေးတစ်ခုပါ။လိုချင်သော"Brush" ကို "Click" နှိပ်ပြီး တော့ "download"ဆွဲနိုင်ပါတယ်။
ဆိုဒ်လိပ်စာကတော့ အောက်မှာပေးထားပါတယ်။
http://brushforphotoshop.com/page/2
အဆင်ပြေကြပါစေ, မျိုးမင်း
Subscribe to:
Posts (Atom)