လည်း လူသိများပါတယ်။"Frill Shark" ကို များသောအားဖြင့် သြစတေးလျ အရှေ့တောင်ပိုင်း၊နယူးဇီလန်၊
အရှေ့တောင်အာရှ၊ အာဖရိက အနောက်ပိုင်း၊Chile နဲ့ Caribbean ဒေသတို့မှာတွေ့ရှိနိုင်ပြီးရှေးဟောင်းမျိုးစိတ်
ထဲတွင်တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
"Frill Shark" မှာ အသွား(၃)ချောင်းပုံစံသွားပေါင်း(၃၀၀) ပါရှိပြီး သူ့ရဲ့ ပါးစပ်ဟာ အခြားငါးမန်း
တွေထက်ပိုမိုကြီးမားပါတယ်။ဒီငါးကို"Frill Shark" လို့အမည်ပေးရခြင်းကတော့ သူ့မှာ အနားပုံစံပါးဟက်
(Frilled Grills)ခြောက်ခုပါရှိသောကြောင့်ဖြစ်ပါတယ်။"Frill Shark" တွေဟာ ပင်လယ်ရေအောက် အနက်
ပေ ၁၆၀ နဲ့ ၆၆၀ ကြားမှာ ကျင်လည်ကျက်စားလေ့ရှိပါတယ်။သိပ္ပံပညာရှင်များက "Frill Shark"တွေဟာ
သူတို့ရဲ့သားကောင်ကို ရုတ်တရက် တိုက်ခိုက်တတ်ပြီး တိုက်ခိုက်ပုံက မြွေတစ်ကောင်တိုက်ခိုက်ပုံနဲ့တူတယ်
လို့ဆိုပါတယ်။
"Frill Shark" တွေဟာအစာကိုရပြီဆိုရင် အစာကို ဂူ(သို့မဟုတ်) သူတို့ခန္ဒာကိုယ်နဲ့ လိုက်ဖက်မယ့်ပင်လယ်ကြမ်းပြင်က အက်ကြောင်းရာတွေထဲမှာစားလေ့ရှိပါတယ်။တစ်ခါတစ်လေ အခွင့်အရေးရရင်ရသလို
အခြား ငါးမန်း မျိုးနွယ်တွေကိုလည်းစားလေ့ရှိတယ်လို့သိရပါတယ်။
ဒါကတော့ "Frill Shark"အကြောင်းကို "Video" ကြည့်လို့ရအောင်
ကျွန်တော် "You tube"ကနေရှာတင်ပေးလိုက်တာပါ။ပုံလေးပေါ်က "Play Buttom"လေးကိုနှိပ်ပြီးတော့ကြည့်
နိုင်ပါတယ်။ သူငယ်ချင်းများ ဗဟုသုတ တိုးပွားနိုင်ကြပါစေ...............။
လေးစားစွာဖြင့်; မျိုးမင်း
Nice..........!
ReplyDelete