G-mail မှာအသုံးပြုနိုင်တဲ့ နည်းလေးတစ်ခုပါပဲ။မသိသေးတဲ့သူများအတွက်ပေါ့။G-mail မှာ
သူငယ်ချင်းများဆီကို အသုံးဝင်တဲ့ Sites Address"လေးတွေကို မေးလ်ထဲမှာပို့ပေးတဲ့အခါ ဆိုဒ်လင့်ကို copy လုပ်
ပို့တတ်တာများပါတယ်။အဲဒီမဟုတ်ပဲ ဆိုဒ်လင့်နေရာမှာ ကိုပြောချင်ရေးချင်တဲ့ စာသားလေးတွေနဲ့ အစားထိုး
သုံးလို့ရပါတယ်။စိတ်ဝင်စားမယ်ဆိုရင် အောက်မှာပုံလေးနဲ့ပြထားပါတယ်။ဘာမှမခက်ပါဘူး။
ပထမဆုံးအနေနဲ့ "G-mail" ကို Sign In ၀င်လိုက်ပြီး "Compose mail " ကိုသွားပါ။Compose
mail ထဲက ပုံမှာပြထားတဲ့အတိုင်း Mouse လေးထောက်ရင် Link လို့ပေါ်တဲ့ icon လေးကိုနှိပ်လိုက်ပါ။
ဒါဆိုရင် နောက်တစ်ဆင့်အနေနဲ့ ကျွန်တော့်အောက်မှာပြထားတဲ့ box လေးပေါ်လာပါလိမ့်မယ်။
ပေါ်လာတဲ့ Box လေးထဲမှာ " To which URL should this refer?"ဆိုတဲ့ ဘောက်လေးထဲမှာ ကိုယ်
ပြောင်းမယ့် websites link ကိုထည့်ပါ။နောက်အပေါ်က"Text to display"ဘောက်လေးမှာပေါ်လာတဲ့စာတွေ
ကိုဖျက်လိုက်ပါ.။ နောက် အဲဒီဘောက်လေးထဲမှာ ကို မြင်စေချင်တဲ့၊ရေးချင်တဲ့စာလုံးတွေကိုရေးပါ။အောက်
ပုံမှာနမူနာဖြည့်ပြထားပါတယ်။ဖြည့်ပြီးရင်တော့ "OK" ကိုနှိပ်လိုက်ပါ။ ကျွန်တော်ကတော့်နမူနာအနေနဲ့
facebook ဆိုဒ်ရဲ့လင့်ကိုသုံးပြထားတာပါ။
ဒါဆိုရင်တော့ ကိုယ့် Messages Body ထဲမှာ ဆိုဒ်လင့်အစား ကိုယ်ပြောင်းထားတဲ့စာလုံး
လေးကိုသာမြင်ရမှာဖြစ်ပါတယ်။ဒါပေမယ့် အဲဒီစာလေးက ဆိုဒ်လင့်ကိုကိုယ်စားပြုထားတာပါ။နှိပ်လိုက်မယ်
ဆိုရင် ပြောင်းထားတဲ့ဆိုဒ်ကိုရောက်သွားပါလိမ့်မယ်။အောက်မှာ မြှားလေးနဲ့ထိုးပြထားပါတယ်။
websites links မှမဟုတ်ပါဘူး လင့်အားလုံးရပါတယ်။ကိုယ့်နှစ်သက်ရာပေါ့။တစ်ခု
တော့ရှိတယ်။ပြောင်းထားတဲ့လင့်လေး မေးလ်ကိုပို့လိုက်မှသာအသက်ဝင်မှာဖြစ်ပါတယ်။
သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေ............ခင်ဗျာ။
ချစ်ခင်လျှက်;
မျိုးမင်း
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။