ကိုယ့် ဓာတ်ပုံ(ဒါမှမဟုတ်)ကိုယ်နှစ်သက်တဲ့ ပုံလေးတွေနဲ့ "Calendar"လေးတွေပြုလုပ်ချင်တဲ့
သူငယ်ချင်းများအတွက် ကျွန်တော် " Calendar " ပြုလုပ်တဲ့Siteလေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်...။
ပြုလုပ်ပုံကတော့အဆင့်(၆)ဆင့်ရှိတယ်။အောက်မှာ ပုံလေးနဲ့နည်းနည်း အသေးစိတ်ပြောပြပါ့မယ်။စိတ်ဝင်
စားတဲ့သူငယ်ချင်းများလုပ်ကြည့်နိုင်ပါတယ်...။
ပထမဆုံးအနေနဲ့ဆိုဒ်လိပ်စာလေး ကို ဒီမှာ နှိပ်ပြီးသွားလိုက်ပါ။ရောက်ရင်တော့အပေါ်
မှာပေးထားတဲ့ ပုံလေးအတိုင်းပုံလုပ်ပုံအဆင့်(၆)ဆင့်ကိုတွေ့ပါလိမ့်မယ်။
အဆင့်(၁) ။ ။ "Select a format for your free yearly calendar" ဆိုတဲ့နေရာမှာ မိမိလိုချင်တဲ့ပုံစံ၊အရွယ်အ
စားကိုရွေးပါ။သူက ရွေးဖို့(၄)မျိုးပေးထားပါတယ်။ကျွန်တော်ပုံရဲ့နံပါတ်(၁)မှာအနီရောင်နဲ့
ရွေးဖို့ပြထားပါတယ်။
အဆင့်(၂) ။ ။ "Select a year for your free yearly calendar" နေရာမှာ မိမိပြုလုပ်မယ့် Calendar ရဲ့နှစ်ကိုရွေး
ချယ်ပေးပါ။ပုံမှာတော့ ကျွန်တော် (2012)ကိုရွေးပေးထားပါတယ်။ကိုကြိုက်ရာရွေးပေးပါ။
အဆင့်(၃)။ ။ "Select a Photo for your free yearly calendar" နေရာမှာ "Browser" ကိုနှိပ်ပြီး မိမိထည့်ချင်တဲ့
ပုံကိုရွေးပါ။
အဆင့်(၄)။ ။ " Enter a caption for your free yearly calendar" ဆိုပြီးပေးထားတဲ့နေရာ လေးမှာ ကိုယ့်ပြုလုပ်
မဲ့ Calendar လေးမှာကိုယ်ထည့်ချင်တဲ့စာသားလေးတချို့ကိုထည့်ဖို့ပါ။
အဆင့်(၅)။ ။ "Select a font for your free yearly calendar" နေရာမှာ စောစော က မိမိရေးလိုက်တဲ့စာသား
လေးကို "font"အမျိုးအစားရွေးပေးဖို့ပါ။
အဆင့်(၆)။ ။"Generate your free yearly calendar"ဆိုတဲ့ "Icon" လေး ကို "Click" ပြီး မိနစ်အနည်းငယ်စောင့်
လိုက်ရင် ကိုယ်ကိုတိုင်ဖန်တီးထားတဲ့ "Calendar"လေးရပြီဖြစ်ပါတယ်။
ကျွန်တော်ကတော့ နမူနာအနေနဲ့ ပုံလေးတစ်ပုံလုပ်ပြထားပါတယ်။နမူနာပုံပေါ့။
သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေ..............။
ခင်မင်လျှက်; မျိုးမင်း
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။