Sunday, September 9, 2012
"Facebook" သူငယ်ချင်းတွေ ရဲ့ "Email Address" တွေကိုရအောင်ကြည့်နည်း
"Facebook" ပေါ်မှာတွေ့ လို့  ကိုယ်က ခင်မင်ချင်တယ်ဆိုရင်တော့ သူ့ ရဲ့ "Email Address"
ကိုသိမှ ဖြစ်မှာပေါ့နော်။ဒါမှလည်းသူ့ ကို အပ်ပြီးလက်ခံတာနဲ့  စကားပြောလို့ ရပြီပေါ့။ဒါပေမယ့် တချို့ ကကျ
တော့ မပေးချင်ကြဘူးလေ။အကောင့်နာမည်ကို ၀ှက်ထားတတ်ကြတယ်။အခု ကျွန်တော်ပြောပြမှာက
"Facebook"ပေါ်မှာရှိတဲ့ ကိုယ်နဲ့  သူငယ်ချင်းဖြစ်နေတဲ့ သူတွေ ရဲ့ "Email Address"တွေ ကိုကိုယ့်ဘာသာ
ကြည့်တဲ့ နည်းလေးပါ။ကျွန်တော်က ကိုယ်သိတာလေးကိုပြန်လည်မျှဝေ သဘောပါပဲ။တကယ်လို့ အမှားပါခဲ့
မယ်ဆိုရင်နားပေးပေးပါရန် ဦးစွာပထမတောင်းပန်ထားပါရစေ။ကြိုက်တဲ့သူရှိသလို မကြိုက်သူတွေလည်းရှိ
တတ်လို့ ပါ။အောက်မှာ ပုံလေးတွေ နဲ့  ပြထားပါတယ်။သူငယ်ချင်းအားလုံးရဲ့ "Email Address" တွေကို
ကြည့်ရန်အရင်ဆုံး"Facebook Account" ကို"Login" ပြုရန် ဒီမှာ"Click"ပါ။
နောက်တစ်ဆင့်အနေနဲ့ အောက်မှာပြထားတဲ့ အတိုင်း " Connect with facebook "ဆိုတဲ့အပြာ
ရောင်"Button"လေးပေါ်လာရင် နှိပ်လိုက်ပါ။နောက်တစ်ဆင့်ကိုရောက်သွားပါလိမ့်မယ်။
ဒီအဆင့် မှာတော့ ကိုယ့်ရဲ့ " Facebook Account " နဲ့ "Login" ၀င်ရမှာဖြစ်ပါတယ်။ဒါကြောင့်
အောက်မှာပြထားတဲ့ အတိုင်း " Log In with Facebook " ဆိုတဲ့ အပြာရောင်"Button" လေးပေါ်လာရင်
နှိပ်လိုက်ပါ။
ဒါဆိုရင် အောက်မှာပြထားတဲ့အတိုင်း "Facebook" ကိုဝင်ဖို့  ဘောက်လေးကျလာပါလိမ့်မယ်။
Facebook ကိုဝင်လိုက်ပါ။တကယ်လို့  သူက "Allow" လုပ်မလားမေးရင် " Allow " ကိုနှိပ်ပေးပါ။
"Facebook Account" ၀င်ပြီးသွားရင်တော့အောက်မှာပြထားတဲ့ အတိုင်း " Load Friends "ဆိုပြီး
အပြာရောင် "Button" ပေးပေါ်လာပါမယ်။နှိပ်လိုက်ပါ။ "Loading" ပြုလုပ်နေပါလိမ့်မယ်။ခဏစောင့်ပေးပါ။
Loading ပြီးသွားရင်တော့ " Codes " ပေါ်လာပါလိမ့်မယ်။ "Codes" အားလုံးကို " Select "လုပ်ပြီး "copy"
ကူးပါ။ နောက် "Notepad" ကိုဖွင့်ပြီး "Notepad" ထဲမှာ "past" လုပ်ပါ။ပြီးရင် " Save " ပါ။"Save" တဲ့ အခါ
မှာကိုယ်နှစ်သက်ရာ နာမည်ပေးပြီးပေးထားတဲ့ နာမည်ရဲ့ နောက်မှာ(.csv) ထည့်ပေးဖို့ မမေ့ပါနဲ့ ။(ဥပမာ-
facebook.csv) ပုံစံမျိုးပေါ့။ Save ပြီးတဲ့ အခါမှာတော့ စောစောက save လိုက်တဲ့ "csv Format" နဲ့ ပုံလေး
ကို "Desktop" ပေါ်မှာတွေ့ ရပါလိမ့်မယ်။ တွေ့ ရင် "Double Click" နှိပ်လိုက်ပါ။ "Microsoft Excel" နဲ့ ပွင့်
လာပါလိမ့်မယ်။အဲဒီအထဲမှာတော့ မိမိရဲ့ facebook သူငယ်ချင်းတွေရဲ့ နာမည်တွေနဲ့  သက်ဆိုင်ရာ 'Email'
လိပ်စာတွေရယ်၊သက်ဆိုင်ရာအကြောင်းအရာတွေကိုပါ တွေရပါလိမ့်မယ်။အောက်မှာ "csv format" ပုံလေး
ကိုနမူနာပြထားပါတယ်။
"File" ပွင့်လာတာကိုတော့မပြတော့ဘူးနော်။ သူငယ်ချင်းတို့  လုပ်ကြည့်ရင်တွေ့ ပါလိမ့်မယ်။
သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ......ခင်မင်လျှက်;
မျိုးမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။