Saturday, July 6, 2013
ဓာတ်ပုံလေးတွေ ပြင်ကြမယ်....
ကျွန်တော် ဒီတစ်ခါမှာတော့ သူငယ်ချင်းတို့ ရဲ့ ဓာတ်ပုံ လေးတွေ ကို "Effect" လေးတွေနဲ့ ပြင်နိုင်မယ့်
"Site"လေးတစ်ခု ကိုပြောပြပေးပါ့မယ်။ပထမဆုံး Click Here! ကိုအရင်သွားလိုက်ပါ။ပြုလုပ်ရမှာကတော့ အဆင့်(၃) ဆင့် ပဲရှိပါတယ်။
ပုံ(၁)
နောက် မိမိ ပုံအတွက်ပြုလုပ်မယ့် "Photo Effects" လေးတစ်ခု ကိုရွေးပြီး "Click" လိုက်ပါ။
"Effects" လေးတွေ ကိုအောက်မှာပြထားတဲ့ အတိုင်း ခွဲ ပေးထားပါတဲ့ အတွက် အလွယ်အတကူ ရွေးချယ်နိုင်
ပါသေးတယ်။
ပုံ(၂)
ပုံ(၃) တွင်ပြထားသည့်အတိုင်း ပေါ်လာလျှင် အနီ နှင့်ဝိုင်းပြထားတဲ့ အတိုင်း "DISK" ကို ရွေးပြီး
သူငယ်ချင်းတို့  ဓာတ်ပုံ ကို ရွေးခေါ်ပါမယ်။ Loading ဖတ်နေပါလိမ့်မယ်။ တကယ်လို့  " Webcam" ကနေ ရိုက်ပြီးပြုလုပ်ချင်ရင်တော့ "WEBCAM" ကိုရွေးပါ။
ပုံ (၃)
ပုံ(၄) အတိုင်းပေါ်လာပြီဆိုရင် "Photo Effect" တွင်ပါစေလိုသည့်အပိုင်းကို ပုံပေါ်ရှိ "Note" အ
မှတ်လေးများတွင် "Click" ဖိဆွဲ ပြီး ရွေးချယ်ပေးပါ။ပြီးလျှင် "GO" ကိုနှိပ်ပါ။
ပုံ(၄)
ဒါဆိုရင် ဓာတ်ပုံလေးကို Site ကပေးတဲ့ "Effect" လေးထဲကို ထည့်ပြီးသွားပါပြီ။ပုံ(၅)မှာပြထား
တဲ့အတိုင်းပေါ်လာပါလိမ့်မယ်။
ပုံ(၅)
နောက်ဆုံးအဆင့် အနေ နဲ့  ပြုလုပ်ထားတဲ့ ပုံလေးကို "Save" ရန် ပုံမှာပြထားတဲ့အတိုင်း
"SAVE TO DISK" ကိုနှိပ်ပါ။ပုံ ကို "Save" မယ့်နေရာ ရွေးပြီး "Save" လိုက်ပါ။'Downloading ပြုလုပ်ပြီးလျှင်
အောက်မှာပြထားတဲ့ ပုံလေးအတိုင်း သူငယ်ချင်းတို့  လိုရာ ကိုအသုံးပြုလို့ ရပါပြီ။
သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေ.........;
လေးစားလျှက်;
မျိုးမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။