တစ်ဖတ်သတ်အချစ်
ဝေးခဲ့ပါပြီ...............,
အောက်မေ့ဖွယ်
အတိတ်ကို သတိရတိုင်း
နာကျင်ရတဲ့ နှလုံးသား
ခံစားခဲ့ရတဲ့ ဝေဒနာများကို
အမှတ်တရအဖြစ်နဲ့ သိမ်းထားရင်း
မရေရာတဲ့ အချစ်ကို
စွဲလန်းစွာ ကိုးကွယ်ခဲ့မိလို့
ကိုယ်....သည်းသည်းလှုပ်အောင်
ငိုခဲ့ပါ တယ်......။
မျက်ရည်တွေတောင် ခမ်းလုပြီ။
ရူးမတတ်အောင်ကို လွမ်းခဲ့တယ်
ရင်ဘတ်ထဲတောင် အောင့်လှပြီ။
ဘယ်လိုပင် လွမ်း ..........
ဘယ်လိုပင် ဆွေးလို့....
ဘယ်လိုပင်ခံစားနေရပါစေ..။
ကိုယ့်အတွက်တော့...
ကိုယ့်အနားမှာ မင်းမရှိပေမယ့်
စိတ်ထဲမှာ မင်းရှိနေပါတယ်....။
မင်းဘက်က မေ့ရက်နိုင်ပေမယ့်
ကိုယ်အမြဲ သတိရနေပါတယ်
မင်း......မုန်းရက်ပေမယ့်
ကိုယ်ဆက်ချစ်နေပါတယ်
ကောင်မလေးရယ်..............။
မျိုးမင်း(အွန်လိုင်းချစ်သူ)
ကဗျာလေးကို စိတ်ရှည်စွာနဲ့ ဖတ်ပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါသည်။
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။