Saturday, January 28, 2012
ဓာတ်ပုံလေးတွေပြင်ကြရအောင်
ဒီတစ်ခါတော့ ဓာတ်ပုံလေးတွေကို အမျိုးမျိုးပြုပြင်ရတာ ကို ကြိုက်နှစ်သက်တဲ့ ကျွန်တော့်သူငယ်ချင်း
များအတွက် ဓာတ်ပုံ ပြင်နိုင်တဲ့ ဆိုဒ် လေးတစ်ခုကိုပြောပြပါ့မယ်။Photoshop ကိုနားမလည်တဲ့သူတွေအတွက်
တော့အတော်အဆင်ပြေပါတယ်။မိမိတို့ရဲ့ပုံလေးတွေပဲဖြစ်ဖြစ် ၊ သူငယ်ချင်းတွေရဲ့ပုံလေးတွေကို ပြင်ပေးတာပဲ
ဖြစ်ဖြစ်ပေါ့။ပြုလုပ်ရတာလဲ အရမ်းလွယ်သောကြောင့် လုပ်ပုံလုပ်နည်းတော့သိပ်မပြောတော့ပါဘူး။
ဆိုဒ်ထဲမှာလဲ Step 1,Step 2,Step 3 ,ဆိုပြီး အဆင့်(၃)ဆင့်နဲ့ပြထားပါတယ်။အရင်ဆုံးမိမိတို့ကြိုက်နှစ်
သက်တဲ့ ပုံကိုအရင်ရွေးလိုက်ပါ။တွေ့ရင် ပုံလေးကို "Click"လိုက်ပေါ့။နောက်
Step 1 အနေနဲ့ မိမိတို့ပြင်မဲ့ပုံကို "Browse"ကနေ ရွေးလိုက်ပါ။
Step 2 မှာပုံကို ကိုယ်လိုသလို "Adjust"လုပ်လို့ရပါသေးတယ်။
Step 3 မှာတော့ ကြိုက်ပြီဆိုရင်" Create Image"ကို နှိပ်လိုက်မယ်ဆိုရင်တော့ ပြင်ထားပြီးလှပတဲ့သူငယ်
ချင်းတို့ပုံလေးကိုတွေ့ရမှာပါ။ဒါ့အပြင် ပြင်ထားတဲ့ပုံလေးကို "Share" လို့လဲရတဲ့ အပြင် "Delete" လုပ်လို့လဲရ
ပါတယ်။ဒါကတော့ကိုယ့်သဘောပေါ့။ "Download "မချချင်ဘူးဆိုရင်လဲ။ကျွန်တော်ပုံမှန်လုပ်နေကျဖြစ်တဲ့
ပုံလေးပေါ်မှာ "Right Click" ထောက်ပြီး "Save image as"နဲ့ယူလို့ရပါတယ်။
ကျွန်တော့်ပုံလေးနှစ်ပုံတော့ နမူနာလုပ်ပြထားပါတယ်။ကြိုက်တဲ့သူငယ်ချင်းများရှိရင်အောက်ကလင့်လေး
ကနေ သွားရောက်ပြုပြင်နိုင်ပါတယ် ခင်ဗျာ။
အောက်ကဆိုဒ်ရဲ့လင့်လေးပါ။
http://www.loonapix.com
အပေါ်ကမူရင်းပုံပါ။အောက်က ပြင်ထားတဲ့ပုံလေးပါ။
ကိုယ်သိတာလေးတွေကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေ...။
လေးစားစွာဖြင့်;
မျိုးမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။