English ဘာသာရပ်ကိုလေ့လာနေတဲ့ သူငယ်ချင်းများအတွက် ကျွန်တော် "English
Idioms" အချို့  ကိုတင်ပေးလိုက်ပါတယ်။"English Idioms" တွေကို ကမ္ဘာက လက်ခံ အသုံးပြု နေတဲ့ အတွက်
လေ့လာထားဖို့  လိုအပ်ပါတယ်။ဒါကြောင့် "English Idioms" အချို့ကို လေ့လာနိုင်စေဖို့ တင်ပြလိုက်ရပါတယ်။
မသိသေးသူများအတွက်ဆိုပိုမိုမှန်ကန်ပါလိမ့်မယ်။ ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး။ ကိုယ်သိသမျှ ကို
ပြန် "Share"ခြင်းသာဖြစ်ပါတယ်။ သူငယ်ချင်းများအနေနဲ့  တခြား"English Idioms"တွေကိုသိသေးရင် တော့
အောက်က "Comments Box" မှာ Share တဲ့ အနေနဲ့  ရေးသွားနိုင်ပါတယ် ခင်ဗျာ...။
* an eye for an eye, a tooth for a tooth - a biblical theme indicating that punishment should equal the
offense.
* ဘဲစား ဘဲကျေ။ သူတစ်ပြန် ကိုယ်တစ်ပြန်။ ဘတစ်ပြန် ကျားတစ်ပြန်။
For example, Mg Mg kicked me in the leg. So, I kicked him in the leg.After all,
an eye for an eye, a
tooth for a tooth.
* at the eleventh hour - at the last possible moment.
* နောက်ဆုံးထွက်သက်ထိ၊ နောက်ဆုံး အချိန်ထိ ၊ နောက်ဆုံးအခါသမယ။
For example; He loved her
at the eleventh hour.
* arm in arm - of persons linked or hooked together by the arms.
* လက်ချင်းတွဲလျက်၊ လက်ချင်းချိတ်လျက်၊ လက်တွဲမဖြုတ်ဘဲ၊ နှစ်ကိုယ်တူလက်တွဲလို့ ။
For example; The two lovers walked
arm in arm down the street.