G-mail မှာ ကိုနှစ်သက်တဲ့ ပုံ(Images)လေးကို "G-mail နောက်ခံ Background"အနေနဲ့
ထားချင်တဲ့ သူငယ်ချင်းများအတွက် လုပ်ပုံလုပ်နည်းလေးပါ။သူပေးထားတဲ့ Background အရောင် ၊ပုံ တွေကို
ကိုယ့်စိတ်ကြိုက်နှစ်သက်ရာပြင်လို့ရပါတယ်။ အောက်မှာ ပြထားတဲ့ နည်းအတိုင်း လိုက်လုပ်လိုက်ပါ။
အဆင့်(၁)
အောက်မှာ ပြထားတဲ့ ပုံအတိုင်း ကိုယ့် ရဲ့ "G-mail Mail Box" ထဲကညာဘက်ထောင့်အလယ်
နားလောက်မှာရှိတဲ့ "Gear Wheel" ပုံစံ "Button" လေး ကို နှိပ်ပါ။ ကျလာတဲ့ " Menu"လေးထဲက နေ
"Themes" ကို ရွေးပြီး "Click"ပါ။
အဆင့်(၂)
နောက် ကိုယ့် ရဲ့ "Themes Pages" ကို ရောက်ရင်တော့အဲဒီ မှာ ကိုယ်နှစ်သက်ရာကိုရွေး
ပြီးပြောင်းနိုင်ပါတယ်။ "Themes " အမျိုးမျိုးပေးထားတာကိုတွေ့ ရပါလိမ့်မယ်။ ကိုယ်က သူပေးထားတဲ့ အထဲ
က ကြို့က်တာတွေ့ ရင် နှစ်သက်ရာကို "click" ပေးရုံပါပဲ။ ဒါပေမယ့် အခု ကျွန်တော့်တို့က ကိုယ်ရဲ့ဓာတ်ပုံလေး
နဲ့ လုပ်ချင်တာဆိုတော့ အဲဒီ ထဲက "Custom Themes" ကိုရှာပါ။ အဲဒီမှာ "Light နဲ့ Dark" ဆိုပြီး နှစ်မျိုး
တွေ့ရပါလိမ့်မယ်။ "Light" ကို "Click" ပါမယ်။ ပုံ(၂) ကိုကြည့်ကြည့်ပါ။
ပုံ(၂)
အဆင့်(၃)
"Light" ကို Click လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံလေး ကို တွေ့ ပါလိမ့်မယ်။ပုံ
မှာ ပြထားတဲ့ အတိုင်း ကိုယ်က "Upload photo" ကိုရွေးပါမယ်။ပြီးရင် "Select photos from your
computer" ဆိုတဲ့ "Button" လေးကို နှိပ်ပြီး ကိုယ် ပြုလုပ်မယ့် ပုံလေးကို ရွေးလိုက်ပါ။ဥပမာ-ကိုယ့်ဓာတ်ပုံ
ပေါ့။ ပြီးရင်တော့ နောက်ဆုံးအနေနဲ့ "Select" ကို"Click"ပါ။ အောက် ပုံလေးကို ကြည့်လိုက်ပါဦး....။
ပုံ(၃)
ကဲဒါဆိုရင်တော့ သူငယ်ချင်းတို့ ရဲ့ "Mail box" လေးဟာ ကိုယ့်စိတ်ကြိုက် နောက်ခံ ပုံလေးနဲ့ ဖြစ်သွားပြီပေါ့ဗျာ...။ အောက်ကပုံလေး ကြည့်ကြည့်ပါဦး..........။
ပုံ(၄)
ကျွန်တော်က လောလော ဆယ် နမူနာအနေနဲ့ မိုးရွာနေတဲ့ ပုံလေးနဲ့ ပြုလုပ်ထားတာပါ။
သူငယ်ချင်းများအားလုံးအဆင်ပြေကြပါ စေ.......။
ခင်မင်လျှက်;
မျိုးမင်း
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။