မိမိရဲ့ကွန်ပျူတာကို ဘာ softwares မှမလိုပဲ တိကျတဲ့ အချိန်အတိုင်းအတာ တစ်ခုကိုသတ်မှတ်ပြီး
အလိုအလျှောက်ပိတ်နိုင်တဲ့နည်းလမ်းလေးပါ။အရင်ဆုံး "Window+R" ကိုတွဲနှိပ်ပြီး "Run box" ကိုခေါ်လိုက်ပါ။
"Run box" မှာ " shutdown.exe-s-t×××× " ကိုရိုက်ထည့်ပြီး "OK" လိုက်ပါ။ "××××" ဆိုတာကတော့ ကိုယ့်ပိတ်
မယ့် အချိန်စက္ကန့်ကိုပြောတာပါ။"××××"နေရာမှာ 1800 လို့ရိုက်လိုက်မယ်ဆိုရင်တော့ ရိုက်လိုက်တဲ့အချိန်ကနေနောက်ထပ်စက္ကန့်ပေါင်း"၁၈၀၀(မိနစ်၃၀)ကြာရင်အလိုအလျှောက်ပိတ်သွားပါလိမ့်မယ်။
ကိုယ်ပိတ်မယ့်အချိန် ကိုယ်ကြိုက်ရာပေးပေါ့။
Sunday, February 26, 2012
G-talk မှာ Always Idle လေးဖြစ်ချင်ရင်..........
သူငယ်ချင်းများသတိထားမိမလားတော့မသိ
ဘူး။G-talk မှာ အကောင့်ဖွင့်ထားပြီး Computer
အနားမှာသုံးတဲ့သူမရှိဘူးဆိုရင် မီးအစိမ်းလေးကနေ
လိမ္မော်ရောင်လေးပြောင်းသွားပြီး "Idle"လေးပြနေ
ပါလိမ့်မယ်။တစ်ဖက်လူကို စက်အနားမှာလူမရှိ
ဘူးဆိုတာသိအောင်ပေါ့။
အခုက အဲဒီ "Idle" ပြတာလေးကို အမြဲတမ်းပြ
ချင်တယ်ဆိုတဲ့သူငယ်ချင်းတွေအတွက်ပေါ့။
အဲဒီလိုလုပ်ထားရင် တကယ်စက်အနားမှာမရှိဘူး
အထင်နဲ့ပြောမှာမဟုတ်ဘူးလေ။ဒါဆို ကို အေးအေး
Saturday, February 25, 2012
Computer Screen ပေါ်မှာရှိသမျှကိုဓာတ်ပုံရိုက်ယူမယ်....
Print Screen(သို့မဟုတ်) Capture ဖမ်းယူခြင်းလို့လဲခေါ်ပါတယ်။
Computer ပေါ်က ကိုယ်ကြိုက်တဲ့ မြင်ကွင်းတစ်ခုခုဒါမှမဟုတ်
Desktop Screen ကိုပဲဖြစ်ဖြစ်ပေါ့ ပုံရိပ်အနေနဲ့ ကူးယူးပြီးကိုယ့်အတွက်
ပြန်လည်ြ့ပီး အသုံးပြုချင်တယ်ဆိုရင်တော့..............။
ပထမဦးဆုံးအနေနဲ့ ကိုလိုချင်တဲ့ Web pages(ဒါမှမဟုတ်)
Images(ဓာတ်ပုံ)ကိုအရင်ဖွင့်ပါ။ပြီးရင် "Keyboard"ကနေ "Print screen preview" key ကို နှိပ်လိုက်ပါ။နောက်

Tuesday, February 21, 2012
အလွမ်းဝေတဲ့ဆောင်း
အလွမ်းဝေတဲ့ဆောင်း
တစ်မိုးကြွေ တစ်နွေနှောင်းလို့
တစ်ဆောင်းသို့ သစ်ခဲ့ပြန်ပြီ...။
ရက်မှ လ ပြောင်းလို့
နှစ်တွေတောင် ဟောင်းနွမ်းခဲ့ပြီ။
Saturday, February 11, 2012
Valentine's Day အတွက် လှုပ်ရှားနေတဲ့ပုံလေးတွေယူကြရအောင်
"Valentine's Day"မှာသူငယ်ချင်းများအကြိုက်တွေ့စေမယ့် လှုပ်ရှားနေတဲ့ ပုံလေးတွေတင်ပေး
လိုက်ပါတယ်။လှုပ်ရှားနေတာဆိုတော့နည်းနည်းဆန်းတာပေါ့။တစ်ယောက်နဲ့တစ်
ယောက် မေးလ်ပို့တာပဲဖြစ်ဖြစ်၊ပုံလေးပဲပို့တာဖြစ်ဖြစ်ပေါ့။ပုံလေးတွေကိုCopy
ယူလို့ရတဲ့အပြင် လိုလိုမယ်မယ် အသုံးတည့်အောင် "HTML"Code လေးတွေ
ပါထည့်ပေးလိုက်ပါတယ်။"Valentine's Day"ပျော်ရွှင်ကြပါစေ....။
မျိုးမင်း
<a href="http://winkkk.com/pimp_glitter_37.html" target="_blank"><img src="http://winkkk.com/photo/37.gif" alt="[ Please click me tender ]" border="0"> <br />[ Please click me tender ]</a><br />
English အသံထွက်ကို အရုပ်ကလေးနဲ့ကျင့်ရအောင်
English Words တွေကို အသံထွက် မှန်အောင် လေ့ကျင့်နိုင်ပါတယ်။ကျွန်တော့်ပေးထားတဲ့လင့်
လေးကို နှိပ်လိုက်မယ်ဆိုရင် Page တစ်ခုရောက်သွားပါလိမ့်မယ်။ရောက် ရင် "Enter Text "နေရာမှာမိမိအသံ
ထွက်သိချင်တဲ့ စကားလုံးဖြစ် ဖြစ် ၊ စာကြောင်းဖြစ်ဖြစ်ရိုက်ထည့်ပြီး "Say It" ကို နှိပ်ပြီးနားထောင်နိုင်ပါတယ်။
Ear Phone တပ်ထားဖို့တော့လိုတာပေါ့။ကောင်မလေးပုံမကြိုက်လို့ကောင်လေးပုံပြောင်းချင်လဲရပါတယ်။
နောက် ပုံလေးပေါ်မှာ သူငယ်ချင်းတို့ Mouse လေးကိုထောက်ပြီးရွှေ့မယ်ဆိုရင်လဲ သူက လိုက်ကြည့်ပါတယ်။
နည်းနည်းကစားလို့ရတာပေါ့နော်။

Tuesday, February 7, 2012
ဘာလော့ မှာ Youtube Vedios Search Engine Widget လေးထည့်မယ်
ဒီတစ်ခါတော့ ကျွန်တော် blogger နဲ့ ပတ်သတ်တာလေးတစ်ခုပြောပြပါ့မယ်။မသိသေးတဲ့သူတွေအတွက်ပါ။
တော်တော်များများတော့သိပြီးလောက်ပါပြီ။ကိုယ့်ရဲ့ Blog Site ရှဲ့Sidebar မှာ Youtube Videos Serach engine
Widget လေးထားချင်တဲ့သူတွေအတွက်ပါ။အောက်မှာ HTML Code လေးပေးထားပါတယ်။ပြုလုပ်ပုံကတော့
သိပြီးလောက်တာမို့မပြောတော့ပါဘူး။အဆင်ပြေပါစေ။
"G-talk"မှာကိုယ့် accounts address မကျန်အောင်လုပ်နည်း
"G-talk" ကို အင်တာနက်ဆိုင်တွေမှာသုံးပြီးလို့ "Sign out" လုပ်တဲ့အခါ G-talk box မှာကိုယ့်ရဲ့
အကောင့် address လေးကျန်နေတတ်ပါတယ်။ဒါဆိုနောက်သုံးမယ့်လူက ရှေ့ကသုံးသွားတဲ့သူရဲ့ အကောင့်
address ကို သိနိုင်ပါတယ်။အဲဒီလိုမကျန်စေချင်ဘူး။ဆိုရင်တော့ လုပ်ပုံလုပ်နည်းတချို့ကိုပြောပြပါ့မယ်။
ပထမ အဆင့်နေနဲ့ Run box မှာ "regedit" လို့ရိုက်ပြီး "Registry Editor"ကိုခေါ်လိုက်ပါ။Run box ကို"Start
Button နဲ့ R ကို တွဲနှိပ်ပြီးလဲခေါ်လို့ရပါတယ်။
ပုံ(၁)

Thursday, February 2, 2012
G-talk မှာ Group Chat လေးပြုလုပ်ကြမယ်
ဒီတစ်ခါတော့ "Group Chat "လေးနဲ့ပတ်သတ်ပြီးတစ်ခုပြောပြချင်ပါတယ်။တော်တော်များများ
ကတော့သိပြီးလောက်ပါပြီ။မသိသေးတဲ့သူများအတွက်ဆို ပိုပြီးမှန်ကန်ပါလိမ့်မယ်။
သူငယ်ချင်းတွေစုပြီးချက်တင် ထိုင်ချင်တယ်၊ပြောချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့
အဆင်ပြေစေနိုင်ပါတယ်။ပထမဆုံး အောက်က လင့်လေးကိုအရင်သွားပါ။
http://partychapp.appspot.com/
ရောက်ပြီဆိုရင် ကိုယ့်G-mail နဲ့Sign In ၀င်လိုက်ပါ။
ကြယ်ကလေးသို့(၂)( My poem)
ကြယ်ကလေးသို့(၂)
အမှောင်ထုအောက်မှာ ရွှန်းပတဲ့
လရောင်ကိုခံစားရင်း
ကြယ်ပွင့်လေးများကို မြင်တော့
" ကြယ်"ကလေးကို သတိရမိတယ်။
ကြယ်ကလေးရယ်
အမြင်နီးသလောက်
အနေကွာဝေးလွန်း လှပါတယ်။
အစက တို့နှစ်ယောက်
မတွေ့ခဲ့ရင် အကောင်းသား
အခုတော့..............,
အချစ်တွေက အပြစ်တွေမြင်
နှစ်နှစ်ကာကာ ချစ်ခဲ့ပြီးမှ
ပစ်ပစ် ခါခါ ဝေးခဲ့ရပြီပေါ့။
Subscribe to:
Posts (Atom)