Tuesday, February 21, 2012
အလွမ်းဝေတဲ့ဆောင်း
အလွမ်းဝေတဲ့ဆောင်း
တစ်မိုးကြွေ တစ်နွေနှောင်းလို့
တစ်ဆောင်းသို့ သစ်ခဲ့ပြန်ပြီ...။
ရက်မှ လ ပြောင်းလို့
နှစ်တွေတောင် ဟောင်းနွမ်းခဲ့ပြီ။
ဘယ်မှာလဲ......ချစ်သူ....
မင်းပေးခဲ့တဲ့ ကတိစကားနဲ့
ထားရှိခဲ့တဲ့ တို့ရဲ့ အချစ်ဆိုတာ
နောက်ဆုံးတော့ ဝေးကွာခြင်းတဲ့လား။
အချစ်ကို ယုံမှတ်လို့
မင်းကို တန်ဖိုးထားမိပါတယ်
မင်းကို ချစ်ခဲ့မိလို့လည်း
ငါအခု ခံစားနေရပြီပေါ့....။
ဒါပေမယ့်....ချစ်သူ
မင်းဘာကြောင့် ကျောခိုင်းသွားတယ်
ဆိုတာ နားမလည်ခဲ့ပေမယ့်
နှင်းပုလဲတို့ဝေ အေးမြတဲ့ဒီဆောင်းမနက်မှာ
မင်းအလာကို မျှော်လင့်ရင်းနဲ့
ငါ့ရင်မှာ အလွမ်း တွေဝေနေတာ
အဝေးက မင်းသိရဲ့ လား.........
ချစ်သူ............။
လေးစားစွာဖြင့်;
မျိုးမင်း
ကျွန်တော့်ရဲ့ ကဗျာ လေးကို အချိန်ယူ ဖတ်ပေးတဲ့စာဖတ်သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါ
သည်။လိုအပ်တာလေးများနဲ့အမှားများပါခဲ့ရင်နားလည်ခွင့်လွှတ်ပေးပါရန်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။