"G-talk" ကို အင်တာနက်ဆိုင်တွေမှာသုံးပြီးလို့ "Sign out" လုပ်တဲ့အခါ G-talk box မှာကိုယ့်ရဲ့
အကောင့် address လေးကျန်နေတတ်ပါတယ်။ဒါဆိုနောက်သုံးမယ့်လူက ရှေ့ကသုံးသွားတဲ့သူရဲ့ အကောင့်
address ကို သိနိုင်ပါတယ်။အဲဒီလိုမကျန်စေချင်ဘူး။ဆိုရင်တော့ လုပ်ပုံလုပ်နည်းတချို့ကိုပြောပြပါ့မယ်။
ပထမ အဆင့်နေနဲ့ Run box မှာ "regedit" လို့ရိုက်ပြီး "Registry Editor"ကိုခေါ်လိုက်ပါ။Run box ကို"Start
Button နဲ့ R ကို တွဲနှိပ်ပြီးလဲခေါ်လို့ရပါတယ်။
ပုံ(၁)
ပြီးရင်"HKEY-_CURRENT_USER" ဘေးမှာရှိတဲ့"(+)"လေးကိုနှိပ်။နောက်"Software"ကိုရှာပြီးဘေးက(+)ကို
ထပ်နှိပ်ပါ။ပုံ(၂) မှာပြထားပါတယ်။
ပုံ(၂)
ပြီးရင် "Goolge"ကိုရှာပါ။Google ထဲက "Goolge talk"၊နောက်"Accounts"ကိုရှာပါ။ဘေးမှာ
ရှိတဲ့ (+)လေးတွေကိုနှိပ်ပြီးရှာနော်။။ဒါတော့လုပ်တတ်မှာပေါ့။
ပုံ(၃)
Accounts ကိုနှိပ်လိုက်မယ်ဆိုရင်တော့"Accounts"အောက်မှာ သုံးထားတဲ့ ကိုယ့်အ
အကောင့်အပါအ၀င် အခြားသုံးခဲ့တဲ့ သူတွေရဲ့အကောင့်တွေပါတွေ့ရပါလိမ့်မယ်။ကိုယ့်အကောင့်addressကို
ရှာပါ။ကျွန်တော်ပုံ(၄)မှာအပြာနဲ့ဝိုင်းပြထားပါတယ်။ ပြီးရင်ကိုယ့်အကောင့်ပေါ်မှာ"Right"Click"နှိပ်ပြီးကျလာတဲ့"Menu"လေးထဲက "Delete"ကိုရွေးပေးလိုက်
ပါ။တကယ်ဖျက်မှာလားမေးရင်တော့"Yes"ပေါ့။အဲဒါနဲ့မပြီးသေးပါဘူး။နောက်တဆင့်ကျန်ပါသေးတယ်။
ပုံ(၄)
။ ။ ။ ။
ပုံ(၅)
အပေါ်ပုံမှာ အနီးအ၀ိုင်းလေးနဲ့ပြထားတဲ့အတိုင်း "Name"အောက်က "o"ဆိုတဲ့"button"လေး
ကို click ပါ။ "Edit Multi String "ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။အဲဒီboxလေးထဲမှာလဲအကောင့်address
တွေကိုတွေ့ရပါလိမ့်မယ်။ အားလုံး "Select"လုပ်ပါ။ပြီးရင် "Right Click"နှိပ်ပြီး"Delete"နှိပ်ဖျက်လိုက်ပါ။ဒါဆို
ရပါပြီ။ "G-talk"boxထဲ ကိုယ့်အကောင့်address မကျန်တော့ပါဘူး။စိတ်ချရပြီပေါ့ဗျာ။ သဘောကောင်းလို့
တစ်ခြားသူတွေရဲ့ အကောင့်တွေကို ဖျက်ပေးချင်လည်း ဖျက်ပေးနိုင်ပါတယ်။အဆင်ပြေကြပါစေ...............။
လေးစားစွာဖြင့်;
မျိုးမင်း
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။