ကြယ်ကလေးသို့(၂)
အမှောင်ထုအောက်မှာ ရွှန်းပတဲ့
လရောင်ကိုခံစားရင်း
ကြယ်ပွင့်လေးများကို မြင်တော့
" ကြယ်"ကလေးကို သတိရမိတယ်။
ကြယ်ကလေးရယ်
အမြင်နီးသလောက်
အနေကွာဝေးလွန်း လှပါတယ်။
အစက တို့နှစ်ယောက်
မတွေ့ခဲ့ရင် အကောင်းသား
အခုတော့..............,
အချစ်တွေက အပြစ်တွေမြင်
နှစ်နှစ်ကာကာ ချစ်ခဲ့ပြီးမှ
ပစ်ပစ် ခါခါ ဝေးခဲ့ရပြီပေါ့။
ကြယ်ကလေးရယ်
မဖြစ်နိုင်တာကိုမှ ရယူချင်မိတဲ့ကိုယ်
အခုတော့ အလွမ်းပုလ္လလင်ထက်မှာ
လှမ်းကြည့်ရုံမှ တစ်ပါး
မတတ်နိုင်ဘူးလေ မင်းကြောင့်သာ
ကိုယ် လွမ်းတတ် ၊ ဆွေးတတ်
ချစ်တတ်ခဲ့ပါပြီ..။
ကြယ်ကလေးရေ
စိတ်ကူးထဲမှာပေါ့
ကိုယ်က "ရိုမီယို"ဖြစ်ခဲ့ရင်
မင်းက ကိုယ့်အတွက်
" ဂျူးလီးယက်"ဖြစ်နိုင်မလား၊
တကယ်လို့ မင်းက
မင်းသမီးလေးဆိုရင်
မင်းရဲ့ဘေးမှာအမြဲရှိနေမယ့်
မင်းရဲ့ ရန်စွယ်တွေကို
ကာကွယ်ပေးနိုင်မယ့်
ကိုယ်ရံတော်လေး ဖြစ်ပါရစေလားကွယ်။
မနက်ဆိုလည်း မင်းအကြောင်းတွေး
ညဆိုလည်း မင်းအကြောင်းဆွေးလို့
အိမ်မက်ထဲမှာတောင် မင်းမျက်နှာ
လေးပဲ မြင်မက်ခဲ့ရပေါ့...။
ကြယ်ကလေးရေ
ကိုယ်မင်းကို ခဏတာ
ချစ်ခဲ့တာ မဟုတ်ပါဘူး၊
တဘ၀စာ ချစ်ခဲ့တာပါ
အနေတွေဝေး ၊ အခြေအနေမပေးလို့
ဝေးခဲ့ကြပေမယ့်.....။
ညစဉ် ညတိုင်း မင်း ကိုတမ်းတလို့သာ
ရင်ထဲက စကားကိုဖွင့်ပြောနေမိတယ်
သိပ် ချစ်တယ်..............
...... ကြယ်ကလေးရယ်။
ကဗျာလေးကို စိတ်ရှည်စွာနဲ့ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ် ခင်ဗျာ။
ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ...လေးစားစွာဖြင့် ;
မျိုးမင်း
No comments:
Post a Comment
Comments လေးပေးမယ်ဆိုရင်ပေးနိုင်ပါတယ်။